Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း


06 Aug,2026

ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း

‎************************************************************************

‎‌ကော့မှူး        ဩဂုတ်      ၆

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို (၅-၈-၂၀၂၆)ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်း ရန်ပုံငွေများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ရန် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပရဟိတစိတ်အပြည့်ဖြင့် သမာသမတ်ကျကျ ဆောင်ရွက်နိုင်မည့်သူများကိုသာ ရွေးချယ်ပေးစေလို ကြောင်း ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာသူ ကျေးရွာသားများ၏ တာဝန် ဝတ္တရားများ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

‎‎ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ‌ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

‎‎အဆိုပါကျေးရွာ၌ တနိုင်တပိုင်စီပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေကျပ်သိန်းသုံးရာအား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်