Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဥက္ကလာပမြို့နယ်၌ စင်ကြယ်ရောင်း၀ယ်ရေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်


06 Aug,2026

မြောက်ဥက္ကလာပ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စင်ကြယ်ရောင်း၀ယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို (ဈ) ရပ်ကွက်၊ မြို့နယ်အသင်းစုရုံး၌ ကျင်းပသည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်းများ အနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်၊ ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အစုပြည့်အသင်းသား ဒေါ်ခင်မကြီးက ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်ရယူ၍ အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းသား ၂၈ ဦးအား အစုပေါ်အမြတ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်