Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးဆောင်ရွက်


06 Aug,2026

ပေါက်ခေါင်း ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးအဖြစ် မြို့နယ် နှစ်မြို့နယ် သမဝါယမအသင်း သုံးသင်း၊ အသင်းသား ၁၁၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၃၁၃ ဒဿမ ၅ ဧကအား Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာအုပ်စု ရတနာတိုး မျိုးစေ့ထုတ်သမဝါယမ အသင်းလီမိတက် အသင်းသားတောင်သူ ၅၃ ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ် (၆၉၉)ရှိ တစ်ဆက် တစ်စပ်တည်း လယ်ဧက ၁၀၀ ဒဿမ ၅ ဧကတွင် အောင်နိုင်သစ္စာကုမ္ပဏီနှင့် ပူးပေါင်း၍ မိုးစပါးများကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်များဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပံ့ပိုးငွေကျပ် ၆၀၃ သိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်