ငဖဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်
ငဖဲ ဩဂုတ် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်ပွဲကို ဇူလိုင်လ၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ် ရုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း က အဖွင့်အမှာစကား ပြောကြားပြီး ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကျော်စိုးက သင်တန်းသား/သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းမှ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ယူကြရန် နှင့် မိသားစုတစ်ပိုင်တစ်နိုင်မှသည် ဝင်ငွေတိုးပွားစေရေးအတွက် စီးပွားဖြစ်လုပ်ငန်းများကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ငုဝါရွှေ က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သူများအား ပေးအပ်သည်။
အဆိုပါသင်တန်းကို ကျေးရွာအုပ်စုများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး ကျွမ်းကျင်သူ နည်းပြဆရာက အုတ်ဘလောက်ရိုက်နည်းသင်ခန်းစာများကို ဩဂုတ် ၅ ရက်မှ ၁၉ ရက်နေ့ထိ ရက်သတ္တ နှစ်ပတ်ကြာစာတွေ့၊ လက်တွေ့အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်