ထားဝယ်ခရိုင်ရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Photoshhop သင်တန်းဖွင့်လှစ်
************************************************************************
ထားဝယ် ဩဂုတ် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက် လာစေရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Photoshhop သင်တန်းကို ထားဝယ်ခရိုင်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းတွင် Photoshop နည်းပညာဆိုင်ရာ သင်ခန်းစာများကို ဩဂုတ်လ ၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်တန်းကာလ ၂၉ ရက်ကြာ ကျွမ်းကျင်နည်းပြဆရာများက လက်တွေ့အသုံးချနိုင် သည်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့မှ သင်တန်းသူ သင်တန်းသား ၁၅ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်