လဲချား ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေ၊ လွိုင်လင်ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်တို့သည် ဩဂုတ် ၅ ရက်က လဲချားမြို့ ပုံတိုက်ကျေးရွာအုပ်စုတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လဲချား-ဆီကုန်း- ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း (၁/၂.၇၅) မိုင်ကို သုံးလက်မအောက်ခွဲကျောက် အသုံးပြု၍ အခြေခံလွှာကျောက်ခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာပေါင်း ၁၂ ရွာ၊ အိမ်ခြေ ၂၅၅၃ အိမ်နှင့် လူဦးရေ ၁၄၅၅၃ ဦးအတွက် အကျိုးပြုနိုင်မည့် လမ်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်