Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ဇရပ်ကြီး ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်


10 Aug,2026

မင်းဘူးမြို့နယ်  ဇရပ်ကြီး  ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်

မင်းဘူး ဩဂုတ် ၁၀

     သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အလံပါယ်ကျေးရွာအုပ်စု၊  ဇရပ်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် လုပ်ငန်းအဖွဲ့  ဖွဲ့စည်းခြင်းကို  ဩဂုတ် လ ၇ ရက်နေ့ က အဆိုပါကျေးရွာ ဓမ္မာရုံ ပြုလုပ်ခဲ့ကြောင်း သိရသည်။
        ရှေးဦးစွာ မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးကျော်မင်းထွန်း  က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
       ဆက်လက်၍ စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက လုပ်ငန်း အဖွဲ့  ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်‌လာကြသော ရပ်မိရပ်ဖများ၊ကျေးရွာသူ၊ သားများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင် ကိုးဦး ကို အများသဘောဆန္ဒနှင့် အညီ မဲစနစ်ဖြင့်ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
      
        မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံ ငွေ သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်နှင့် အခြား လုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်