Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ကျခတ်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်


07 Aug,2026

တောင်တွင်းကြီးမြို့နယ် ကျခတ်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်
 

တောင်တွင်းကြီး၊ ဩဂုတ် ၇

      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျခတ်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးလွှမ်းမိုးထက်၊အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးဉာဏ်သိန်းနှင့် ရဲမှူးဦးရဲမြင့်တို့က ကျခတ်ကန် ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာ တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊စီမံကိန်းလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်တာဝန်ယူ၍ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားသည်။
    ဆက်လက်၍ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ စီမံကိန်း လက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများနှင့် ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြီးနောက် ကျခတ်ကန်ကျေးရွာရှိရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို အများသဘော ဆန္ဒနှင့်အညီရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်