အောင်လံမြို့နယ် မအူခုံကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်လင်းခြင်းနှင့်ကော်မတီဖွဲ့စည်း
************************************************************************
အောင်လံ ဩဂုတ် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ အောင်လံခရိုင် ၊ အောင်လံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူခုံကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း(Smart Village) မိတ်ဆက်ရှင်လင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး အောင်လံမြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက စီမံကိန်း အကြောင်းအရာများ၊ ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရန်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒအရ ကျေးရွာစီမံကိန်းကော်မတီဝင် ၉ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးမြောက် ပါက ကျေးရွာ၏ အခြေခံအဆောက်အအုံများနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေး ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှု အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်