ပင်လောင်း ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ရွှေဥယာဉ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ထီရီးကရင်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သဘာပတိ ထီရီးကရင်ကျေးရွာမှ ဒေါ်နန်းမလုပ်က အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဌ ဦးစိုင်းနော်ခမ်းနှင့် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆိုင်မွန်းတို့က သမဝါယမအသင်းစုလီမိတက်များ၏ လုပ်ငန်းသဘာတရားများနှင့် သမဝါယမအသင်းစုလီမိတက် လုပ်ငန်းများရေရှည်အောင်မြင်ရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားကြကြောင်း သိရသည်။
ထို့နောက် ရွှေဥယာဉ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းစု လီမိတက်မှ အသင်းဒါရိုက်တာအဖွဲ့များနှင့် အသင်းအလုပ်မှုဆောင်အဖွဲ့တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းအစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာများ၊ အသင်းစည်းကမ်း ပြင်ဆင်ခြင်း နှင့်ပတ်သက်၍ အသီးသီး ဖတ်ကြားကြကြောင်း သိရသည်။
ယင်းနောက် အသင်းအမှုဆောင်အဖွဲ့မှ ဖတ်ကြားတင်ပြချက်များအပေါ် ရွှေဥယာဉ်ကြယ်ပွင့် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက် ဘဘာပတိက အသင်းသား များ၏ သဘောဆန္ဒများရယူအတည်ပြုခြင်းနှင့် သက်တမ်းစေ့ရောက်ပြီးသော အသင်းဒါရိုက်တာ အဖွဲ့မှ နှုတ်ထွက်ကြောင်းကြေငြာခြင်းဆောင်ရွက်ပြီး၊ ဘဘာပတိက နိဂုန်းချုပ်အမှာစကား ပြောကြား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်