မြောက်ဥက္ကလာပ ဩဂုတ် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ သုဓမ္မာရောင်း၀ယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို (ဈ) ရပ်ကွက် မြို့နယ်အသင်းစုရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်းများအနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်၊ ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်း များကို အသင်းအတွင်းရေးမှူး ဦးအောင်ရဲ၀င်းက ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်များ ရခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အသင်းသား ၄၉ ဦးတက်ရောက်ခဲ့ပြီး အစုပေါ်အမြတ်နှင့် အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်