သာယာဝတီမြို့နယ် အင်းရွာဘူတာစုကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်မြောက် ထုတ်ချေး
************************************************************************
သာယာဝတီ ဩဂုတ် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန် သာယာဝတီမြို့နယ် အင်းရွာ ဘူတာစုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းချေးငွေ ဆဉ္စမအကြိမ်မြောက် ထုတ်ချေး ပေးခြင်းကို (၉-၈-၂၀၂၆)ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်က ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ပြီး သာယာဝတီမြို့နယ်ဉီးမှူးက အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ် ၄၈ ဒသမ ၆ သန်းကို အင်းရွာဘူတာစုကျေးရွာ VRFP စီမံကိန်းကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် အင်းရွာဘူတာစုကျေးရွာ VRFP စီမံကိန်းကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၁ ဦးအား ငွေကျပ် ၃၃ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦးအား ငွေကျပ် ၁၃ ဒသမ ၁ သန်း၊ အသေးစားစီးပွားရေး လုပ်ငန်း လုပ်ကိုင်သူ ၄ ဦးအား ငွေကျပ် ၂ ဒသမ ၃ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၈၁ ဦးအား ငွေကျပ် ၄၈ ဒသမ ၆ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်