Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဥက္ကလာပမြို့နယ်၌ ချမ်းမြေ့ရောင်း၀ယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲပြုလုပ်


11 Aug,2026

မြောက်ဥက္ကလာပ ဩဂုတ် ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ ချမ်းမြေ့ရောင်း၀ယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့အရပ်ရပ်ဆိုင်ရာ အစည်းအဝေး နှင့် အမှုဆောင်ရွေးချယ်ပွဲကို (ည) ရပ်ကွက်၊ သာသနာ့လင်းရောင်ခြည်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်းသားများအနေဖြင့် သမဝါယမ အသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်၊ ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း များကို အသင်းစာရင်းစစ် ဦးခင်မောင်ဦးကဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက် များရယူကာ အမှုဆောင်ရွေးချယ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ အသင်းသား ၂၀ ဦး တက်ရောက်ခဲ့ပြီး အစုပေါ်အမြတ်နှင့် အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်