မုဒုံ သြဂုတ် ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတတ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သား၊သမီးများအား ပညာသင် ထောက်ပံ့ကြေးချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါအသင်းရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးမင်းသောင်းဟန်က အဖွင့်အမှာစကားပြောကြားပြီး အသင်း အတွင်းရေးမှူးက ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၅ ဘာသာ တစ်ဦး၊ ၄ ဘာသာ တစ်ဦး၊ ၃ ဘာသာ တစ်ဦး၊၂ ဘာသာတစ်ဦး၊ ၁ ဘာသာ သုံးဦး၊ ရိုးရိုးအောင်မြင်သူ (၁၃) ဦးဖြစ်ပြီး စုစုပေါင်း (၂၀) ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းနှင့် ပညာသင် ထောက်ပံ့ကြေးအား မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်