Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေချည်(Suitta Htaw) ရက်ကန်းကုန်ထုတ်သမဝါယမအသင်းလီမိတက်က မွန်ရိုးရာဝတ်စုံများ၊ စောင်နှင့် ပုဝါများ ရက်လုပ် ရောင်းချ


15 Feb,2023

မုဒုံ၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာတွင် အသင်းတည်နေရာထားရှိပြီး ကျေးရွာ၏ အဓိက လုပ်ငန်းတစ်ခုဖြစ်သည့် ရက်ကန်းကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများက စုပေါင်း၍ ရွှေချည် (Suitta Htaw) ရက်ကန်းကုန်ထုတ်သမဝါယမအသင်းလီမိတက်အသင်းကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ အသင်းမှ အသင်းသားများသည် လိုအပ်သည့် ကုန်ကြမ်းများကို အမရပူရမြို့နှင့် ဒေသတွင်းမှ ဝယ်ယူပြီး မွန်ရိုးရာ ဝတ်စုံ(ကျား၊မ)၊ စောင်နှင့် ပုဝါများ ရက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင်  တစ်လလျှင်  မွန်ရိုးရာ ဝတ်စုံ(ကျား၊မ) အထည် ၁၀၀၊ စောင် အထည် ၂၀ နှင့် ပုဝါ ၁၀ ထည် ရက်လုပ်နိုင်ပြီး ထုတ်လုပ်ရရှိသော အထည်များကို လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်