Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမကိုအခြေခံ၍ စနစ်ကျစိုက်ပျိုးရေး ဆောင်ရွက်မည့် တောင်သူများနှင့် တွေ့ဆုံ


07 Sep,2026

မော်လမြိုင်ကျွန်း  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမကိုအခြေခံ၍ စုပေါင်းဆောင်ရွက် သည့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကား ပြောကြားရာတွင် သမဝါယမစနစ်ကိုအခြေခံ၍ တောင်သူများ စုပေါင်းပါဝင်ဆောင်ရွက်သည့် စနစ်ကျ စိုက်ပျိုးရေးလုပ်ငန်းများ ဖော်ဆောင်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သမဝါယမဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ ရရှိလာ မည့် အကျိုးကျေးဇူးများကို စနစ်တကျအသုံးချနိုင်ရေး လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်တို့က သမဝါယမကိုအခြေခံ၍ စနစ်ကျစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် စုပေါင်းပါဝင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူး ဒေါ်မေသူအောင်က သမဝါယမကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင် သည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာ၌ စုပေါင်းလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အောင်နိုင်တိုးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးတင်အောင်သန်းက အသင်း၏ စုပေါင်းလယ်ယာလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို တင်ပြဆွေးနွေးသည်။

ထိုတွေ့ဆုံပွဲမှတစ်ဆင့် သမဝါယမကိုအခြေခံ၍ တောင်သူများ စုပေါင်းပါဝင်ဆောင်ရွက်သည့် စနစ်ကျစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ကောင်းမွန်လာစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သမဝါယမအသင်းများနှင့် တောင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူ များ ၁၄၅ ဦးတက်ရောက်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်