Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၌ နတ်မသောက်ချောင်းကူးတံတားတည်ဆောက်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


07 Sep,2026

တပ်ကုန်း စက်တင်ဘာ ၆

          ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အုန်းပင်ကျေးရွာအုပ်စု တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ နတ်မသောက်ချောင်းကူးတံတားတည်ဆောက်ရေးအတွက် စက်တင်ဘာ ၄ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

            ဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နေပြည်တော်တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများသည် အရှည် ပေ ၃၀ ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်