အလုံ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အလုံမြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးအုန်းသွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ဇင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးမှ လုပ်ငန်းတိုးတက်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစု၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာကို အသင်းကိုယ်စားလှယ် ဒေါ်သီတာနိုင်မှ ဖတ်ကြားခဲ့ပြီး အသင်းစာရင်းစစ်အစီရင်ခံစာကို အသင်းကိုယ်စားလှယ် ဦးသန်းဦးမှ ဖတ်ကြားတင်ပြခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ တိုင်းသမဝါယမဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်စမ်းစမ်းအေးမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင်အသစ် များ ပြန်လည်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်