လှည်းကူး စက်တင်ဘာ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သမဝါယမဦးစီးဌာနတွင် သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းများ၊ လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းနှင့် သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ်နှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းစဉ် များအား ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိူးနိုင်နှင့် လှည်းကူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က အမှာစကားအသီးသီးပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ အခြေခံသမဝါယမအသင်း ၇ သင်းမှ အမှုဆောင်များနှင့် အသင်းသား တောင်သူ ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်