ရေတာရှည် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမဝါယမစနစ်ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေး အသင်းသားတောင်သူများ နှင့်ဆွေးနွေးပွဲကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က သမဝါယမကဏ္ဍမှ အကောင်ထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ဌာန ၄ ခုမှ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ဦးထွန်းထွန်းမိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးထွန်းကိုကို (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းသူ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ အသင်းသားများ စုစုပေါင်းအင်အား (၂၇) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်