ရေး စက်တင်ဘာ ၉
မွန်ပြည်နယ် ရေးမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရေးမြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွန်ကြားရေးမှူးနှင့် မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့မှ Virtual ဖြင့်တက်ရောက်ပြီး ရေးမြို့နယ်စီမံအုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ရေးမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားခဲ့ပြီး အသင်းအမှု ဆောင်များက အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်း၍ အသင်းဝင်ကိုယ်စား လှယ်များ၏ အတည်ပြုချက်ကိုရယူခဲ့သည်။
ထို့နောက် အမှုဆောင်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်သမဝါယမဦးစီးဌာန ညွန်ကြားရေးမှူးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်