Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် သီလကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး


10 Sep,2026

တောင်တွင်းကြီးမြို့နယ် သီလကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး


တောင်တွင်းကြီး၊စက်တင်ဘာ ၁၀


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ၊လူမှု့စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သီလကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒဿမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
     ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက သီလကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား၊အသင်းသူများနှင့် တွေ့ဆုံကာမြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး က သီလကျေးရွာ၌ ‌ဒဿမအကြိမ်အဖြစ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၅၈သိန်းအားလွှဲပြောင်းပေးအပ်ခဲ့သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သီလကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၄ဦးကို ငွေကျပ် ၃၅၃သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၁ဦးကို ၁၆၀သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူကိုးဦးကို ၄၅သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၁၄ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်၅၅၈သိန်းထုတ်ချေးပေးခဲ့ကြောင်း  တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်