Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


10 Sep,2026

မကွေး စက်တင်ဘာ ၈

            မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မျိုးဇော် ကွင်းဆင်းကြည့်ရှုသည်။

ကြည့်ရှုစစ်ဆေး

          ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် Ten Ten Myanmar ကုမ္ပဏီက ရန်ပုံငွေကျပ် ၄၃၂ ဒသမ ၄၄ သန်းဖြင့် တင်ဒါအောင်မြင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မကွေး-ရေနံချောင်းလမ်းမှ ကံသစ်ကျေးရွာဆက်သွယ်သောလမ်း (၀/၄.၃) မိုင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ ကွန်ကရစ်လမ်းသည် အလျား ၄ ဒသမ ၃ ဖာလုံ၊ လူသွားလမ်းအကျယ် ၁၄ ပေဖြစ်ပြီး ယခုအခါ လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကာ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ငါးရွာမှ အိမ်ထောင်စု ၁၃၅၄ စု၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၃၀၉ ဦးတို့၏ စိုက်ပျိုးဧက ၈၈၄ ဒသမ ၃၁ ဧကအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်