Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်၌ အင်တိုင်း-ကင်းရွာ-သပြေပင်-ဆင်တွင်း ကျောင်းကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


10 Sep,2026

ရမည်းသင်း စက်တင်ဘာ ၈

            မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ အင်တိုင်း- ကင်းရွာ-သပြေပင်-ဆင်တွင်း ကျောင်းကုန်းလမ်းပိုင်း ကျောက်ချောလမ်းဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

        အင်တိုင်း-ကင်းရွာ-သပြေပင်- ဆင်တွင်း ကျောင်းကုန်းလမ်းပိုင်း လမ်းအရှည် (ပ/၄)မိုင် ကျောက်ချောလမ်းခင်းခြင်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၄၂ ဒသမ ၄၈၀ သန်းဖြင့် ရွှေယုန်ဦးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်