Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးရွာအနီး တံတားတည်ဆောက်မည့်နေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


08 Sep,2026

နေပြည်တော် စက်တင်ဘာ ၇

            ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးရွာအနီး တံတားတည်ဆောက်မည့်နေရာသို့ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တိုင်း တာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများသည် ကွန်ကရစ်တံတား ပေ ၃၀ တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်ပြီး အဆိုပါတံတားသည် ညောင်ပင်ကြီး - ချောင်းကမ်းကြီး- စည်ပင်ကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကမ်းကြီးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ဇေယျာမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်