Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းယောင်းမြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် အမှုဆောင်သစ်ရွေးချယ်


08 Sep,2026

မိုင်းယောင်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်ဘုန်းဝေက အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား ရှင်းလင်းသည်။ 

ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် အသင်းသူ/အသင်းသားတို့၏ သား/သမီး များအား ဂုဏ်ပြုဆုများပေးအပ်၍ ဒါရိုက်တာအဖွဲ့ဝင် ခုနစ်ဦးနှင့် အသင်းစာရင်းစစ်နှစ်ဦးတို့အား ပြန်လည်ရွေးချယ်ပြီး အသင်းသားများအား အစုအပေါ်အမြတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်