Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပခုက္ကူမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးစနစ်စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်


09 Sep,2026

ပခုက္ကူ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်စီမံကိန်းအကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်လွင်က "သမဝါယမစနစ်ကို အခြေခံ၍စိုက်ပျိုးရေးစနစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တောင်သူများ စုပေါင်းစိုက်ပျိုးခြင်း/ စုပေါင်းအကျိုးခံစားခြင်း အလေ့အထကောင်းများရရှိစေရေး၊ မိရိုးဖလာ စိုက်ပျိုးရေးမှ စနစ်ကျသောစိုက်ပျိုးရေး/စက်မှုလယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းနိုင်ရေး၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှုနှင့်အတူ တောင်သူများစုပေါင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းသက်သာပြီး သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ကာ အရည်အသွေးမြှင့် ထုတ်ကုန်ရရှိစေရေး၊ ဈေးကွက်ယှဉ်ပြိုင်မှုမြင့်မားလာစေရေးစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း" ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတို့မှတာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်တိုးတက် မြင့်မားရေးတို့အတွက် ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှဌေးမြင့်တို့က သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးစနစ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်