Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Basic GIS Training Course (၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနား


20 Feb,2023

နေပြည်တော် ၊ဖေဖေါ်ဝါရီ ၁၇ ရက်

         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော Basic GIS Training Course (၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၂-၂၀၂၃)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းသား/သူများ တက်ရောက်ကြသည်။

      သင်တန်းဆင်းပွဲ ပထမပိုင်းအစီအစဉ်အဖြစ် သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ များမှ အဖွဲ့(၄)ဖွဲ့ဖြင့် Group Presentation ရှင်းလင်းတင်ဆက်ပြသခဲ့ပါသည်။

     သင်တန်းဆင်းပွဲ ဒုတိယပိုင်းအစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဆင်းပွဲ အဖွင့်အမှာစကားပြောကြားပြီး ၊ သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဆုရရှိသည့်သင်တန်းသူတစ်ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး တတိယဆုရရှိသည့် သင်တန်းသူ တစ်ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်၍ သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များအား အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့်ပတ်သက်၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်အမှာစကား ပြောကြားပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းပွဲ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ (၁၅း၃၀)အချိန်တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်