Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများ အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲနှင့် အသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု


12 Sep,2026

ရန်ကုန် စက်တင်ဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ အသင်းများ၏စီမံခန့်ခွဲနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ အဆင့်မြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ “သမဝါယမအသင်းများ အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲ”ကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမအသင်းများ ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အသင်းလုပ်ငန်းများ ပိုမိုတိုးတက် လာစေရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် သမဝါယမအသင်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်