Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်၌ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများဖြန့်ဖြူးရောင်းချ


14 Sep,2026

ဝါးခယ်မမြို့နယ်၌ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများဖြန့်ဖြူးရောင်းချ

‎************************************************************************

‎ဝါးခယ်မ       စက်တင်ဘာ        ၁၄

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ဝါးခယ်မမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုး မည့် တောင်သူများအတွက် ဓာတ်မြေသြဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေး  လျက်ရှိကြောင်း သိရသည်။

‎‎ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် နှင့် တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေးအတွက် အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများအား သက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎‌ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဝါးမယ်မမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ တောင်သူများအတွက် ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြု နိုင်ရေးအတွက် ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ ယူရီးယားဓာတ်​မြေသြဇာ အိတ် ၂၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၄၅၀ အိတ်အား သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောက်း ဝါးခယ်မမြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်