သနပ်ပင်မြို့နယ်၌ မကြက်စုကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်
သနပ်ပင်၊စက်တင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် မကြက်စုကျေးရွာအုပ်စု၊မကြက်စုကျေးရွာအားမြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်းနှင့် သနပ်ပင်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးနိုင် တို့ကအဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက ကျေးလက်နေပြည်သူ များဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်အသေးစား၊အလတ်စား၊အငယ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သနပ်ပင်မြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်မကြက်စုကျေးရွာအုပ်စု၊
မကြက်စုကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်