Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းများ၏ လည်ပတ်မှုအခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


11 Sep,2026

အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းများ၏ လည်ပတ်မှုအခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၁

              သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းများ၏ လည်ပတ်မှုအခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုစက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦး‌မျိုးနိုင်အောင်က အဖွင့်အမှာ စကားပြောကြား သည်။ဆက်လက်၍ မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက အသေးစားဓာတ်အားပေး စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပါ သည်။

          ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ကြသည်။ အဆိုပါ အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်