Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ စနစ်တကျ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု


11 Sep,2026

ပန်းတောင်း စက်တင်ဘာ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပန်းတောင်း မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးငွေကျပ် ၁၁၆ သန်းရယူပြီး၊ အသင်းလေးသင်းမှ အသင်းသား ၁၉ ဦး၏ ဆိတ်ကောင်ရေ ၅၈၀ မွေးမြူထားရှိမှုအနက်  တောင်ပို့ကွင်းကျေးရွာ တက်လူလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အစုအဖွဲ့စနစ်ဖြင့် စနစ်တကျစုပေါင်းမွေးမြူထားသည့် ဆိတ်ကောင်ရေ ၁၀၀ မွေးမြူထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်