ပေါက်ခေါင်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဒု-ဉက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာနှင့် ဉသျှစ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး သမဝါယမစနစ်ကိုအခြေခံ၍ စနစ်ကျသောစိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် စပါးတစ်မျိုးတည်း ကိုသာစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးစိုက်ကွင်းများသို့ ကွင်းဆင်းကြည့်ရှုကာ သီးနှံအထွက်တိုးတက် စေရေး၊ သွင်းအားစုများအချိန်ကိုက်မှန်ကန်စွာသုံးစွဲနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး ကြိုတင်သတိပြုရန်နှင့် တောင်သူများတင်ပြသည့် လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်