Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဆတ်မြို့၌ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


14 Sep,2026

မိုင်းဆတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်ခြင်း အခမ်းအနားကို အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းဟန်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်တို့က အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာကို တာဝန်ကျစာရင်းစစ် ဒေါ်ဇင်နွယ်ဝင်းက ဖတ်ကြားသည်။

ထို့နောက် ဒါရိုက်တာအဖွဲ့၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်တင်ဝင်းက ဖတ်ကြားပြီး သဘာပတိ၏ အတည်ပြုချက် ရယူသည်။

ထို့နောက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(မိုင်းဆတ်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်