လားရှိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အာရုဏ်ဦးအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းအမှုဆောင်သစ် ရွေးချယ်ပွဲကို ယမန်နေ့က အာရုဏ်ဦးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သဘာပတိအသင်းဥက္ကဋ္ဌ ဦးမောင်ကြူးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်မန်းတို့က အမှာစကားပြောကြားသည်။ ထို့နောက် အသင်းနှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို တာဝန်ရှိသူ များက ဖတ်ကြားအတည်ပြုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၆ ဦးတို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကာ အသင်း၏အမှုဆောင်သစ်များ ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်