Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘီးလင်းမြို့နယ်၌ သစ်တိုကျွန်းရွာတွင်းလမ်း ကတ္တရာခင်းခြင်းဆောင်ရွက်


15 Sep,2026

ဘီးလင်း စက်တင်ဘာ ၁၄

     မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် သစ်တိုကျွန်းရွာတွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်တာဝန်ခံ အင်ဂျင်နီယာချုပ် နှင့်တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်း စစ်ဆေးသည်။

     ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ဒေသထွက်စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် သစ်တိုကျွန်း ကျေးရွာ သစ်တိုကျွန်းရွာတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင်လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်