နေပြည်တော်၊ စက်တင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရှိ ရွှေကျောင်းတော်၌ ယနေ့ နံနက်ပိုင်းက လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအား နာယူကြည်ညိုကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်