Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်အစည်းအဝေးကျင်းပ


15 Sep,2026

နေပြည်တော်၊ စက်တင်ဘာလ ၁၄

           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်(၄)ခုတွင် နယ်မြေဒေသနှင့် ကိုက်ညီပြီး ဒေသထွက်ကုန်ကြမ်းအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ခရိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ကျင်းပခဲ့ပါသည်။

           အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ခရိုင်(၄)ခုတွင် ဒေသထွက် ကုန်ကြမ်းအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ကျေးလက်နှင့် မြို့ပြနေ အခြေခံလူတန်းစားများ ဝင်ငွေတိုးပွားရေးအတွက် ရည်ရွယ်၍ ဒေသတွင်းပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ရောင်းချနိုင်ရေးဆောင်ရွက်ပေးမည့် တံမြက်စည်းတန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်း၊ သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းနှင့် ဇီး၊ မန်ကျည်း အခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများအပေါ် မိမိတို့ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးသွားမည့် နည်းပညာသင်တန်းများပေးခြင်း၊ လွှဲပြောင်းအသုံးပြုခွင့် ပေးအပ်သွားမည့် စက်ပစ္စည်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တံမြက်စည်း လုပ်ငန်း လုပ်ကိုင်သူများ၊ သရက်သီးအခြေခံစားသောက်ကုန် ထုတ်လုပ်သူများ၊ ဇီးမန်ကျည်းအခြေခံ စားသောက်ကုန်ထုတ်လုပ်သူ အသေးစား လုပ်ငန်းရှင် (၄၅)ဦးနှင့် စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်