Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ် ခုံကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး


15 Sep,2026

ပန်းတောင်းမြို့နယ် ခုံကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး
 
ပန်းတောင်း စက်တင်ဘာ ၁၅
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု၊ဘဏ္ဍာရေးနှစ်  ခေတ်မီစံပြကျေးရွာစီမံကိန်းဖြစ်သည့် လဲကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ‌ငွေ ပထမအကြိမ်ထုတ်ချေးပေးခြင်းအား စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။ 
ရှေးဦးစွာ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး
ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ခုံကြီးကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း (၂)ဦး၊ စိုက်ပျိုးရေးလုပ်ငန်း(၂၄)ဦး၊မွေးမြူရေးလုပ်ငန်း(၄)ဦး၊အရောင်းအဝယ်(၁၂)ဦး၊အသက်‌မွေးဝမ်းကျောင်း (၆)ဦးဖြင့် စုစု‌ပေါင်းအသင်းသူ/သား (၄၈ )ဦးအတွက် ချေးငွေကျပ် ၂၉၄ သိန်းအား ထုတ်ချေးပေးခဲ့ပါကြောင်း ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦး ထံက သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်