သထုံ စက်တင်ဘာ ၁၈
မွန်ပြည်နယ် သထုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယမန်နေ့က အဆိုပါ အသင်းစုရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်လွင်က အသင်း၏လုပ်ငန်းဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ရှင်းလင်းပြီး အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူကြသည်။
ထို့နောက် အမှုဆောင်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင်အသစ်များအား ပြန်လည် ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်