Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ တံတားတည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


18 Sep,2026

ပေါင် စက်တင်ဘာ ၁၅
     မွန်ပြည်နယ် ပေါင်မြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် ပသျှူးပိုင်း - နတ်စင်ကုန်းလမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် တာဝန်ခံ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက် ကုန်များ လွယ်ကူစွာရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်လာနိုင်စေရေးအတွက် ပသျှူးပိုင်း-နတ်စင်ကုန်းလမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ယခုနှစ် ဇွန် ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်