Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


18 Sep,2026

သထုံ စက်တင်ဘာ ၁၅

      မွန်ပြည်နယ် သထုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၉၈ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် နောင်ကုလား-ဘူဒင်းချောင်လမ်း ကတ္တရာလမ်းခင်းရန်အတွက် Sub-base အလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်တာဝန်ခံ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

        အဆိုပါလုပ်ငန်းကို ဩဂုတ် ၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်တွင် လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်