ထားဝယ် စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်သစ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဝင်းကြည်က အသင်း၏လုပ်ငန်းဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများကို ဖတ်ကြားတင်သွင်းကာ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ရယူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီးအမှုဆောင်သစ်ကို အမှုဆောင်အဖွဲ့ဝင်(၉)ဦးနှင့် အသင်းစာရင်းစစ် (၂)ဦးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်