Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ကျွန်းတောကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်


17 Sep,2026

တောင်တွင်းကြီးမြို့နယ် ကျွန်းတောကျေးရွာ၌   VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

တောင်တွင်းကြီး၊ စက်တင်ဘာ  ၁၇


          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည် ဖော်ဆောင်ရွက်မည့်  ကျွန်းတောကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
   ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလွှမ်းမိုးထက်နှင့်အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်သိန်းတို့က ကျွန်းတောကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်မိတ်ဆက်စကားပြောကြားခဲ့ကြသည်။
          ထို့နောက်  တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး က  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များ ၊    စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများ‌အ‌ကြောင်းကို ရှင်းလင်း ပြောကြားသည်။
        ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တာဝန်ရှိသူများ၊ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦး ကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်