Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်အဖွဲ့သစ်ရွေးချယ်ပွဲအခမ်းအနားကျင်းပ


17 Sep,2026

ရေဖြူ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါရုံး၌ပြုလုပ်ရာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဌ ဦးပင်းဟိုက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ အသင်း၏ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများကို ဖတ်ကြားတင်သွင်းကာ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက် ရယူသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင် အဖွဲ့ဝင် ခုနှစ်ဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်