Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


21 Sep,2026

ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

‎************************************************************************

‎ချောင်းဆုံ        စက်တင်ဘာ       ၂၁

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံး ရေ လုံလောက်စွာရရှိစေရေးအတွက် အဘစ်ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများက ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ အဘစ်ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဘစ်ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၈ ဒသမ ၄၆ သန်းဖြင့် ပြည့်စုံလျှံကုမ္ပဏီက တာဝန်ယူ၍ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာနေပြည်သူများ နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း ချောင်းဆုံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်