Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် ၊အိုင်ကြီး ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀) လွှဲပြောင်းပေးအပ်ပွဲကျင်းပ


21 Sep,2026

တွံတေး စက်တင်ဘာလ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း   မြစိမ်းရောင်ကျေးရွာစီမံကိန်း  အကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်ကြီးကျေးရွာသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၉)ရက်နေ့  နံနက်ပိုင်းက  အဆိုပါ ကျေးရွာ၌ ကျင်းပသည်။


ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က  အမှာစကားပြောကြားသည်။


ဆက်လက်၍ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးအောင်သက်ဦးက  အိုင်ကြီးကျေးရွာ၌ ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်သည့် ဖွံ့ဖြိုးရေး ဆိုင်ရာအချက်အလက်များနှင့် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ၊ စီမံကိန်းအကြောင်းအရာများ နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောကြားသည်။


ထိုနောက် အခမ်းအနားသို့ တက်ရောက်လာသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်ကြီးကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀) လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။


တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အိုင်ကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝများ ၊ဖွံ့ဖြိုးတိုးတက်လာစေရန်၊သမဝါယမစနစ်ကိုမဏ္ဍိုင်ပြု၍စနစ်ကျသောစိုက်ပျိုးရေး၊မွေးမြူရေးလုပ် ငန်းများ တိုးချဲ့ဆောင်ရွက်နိုင် စေရန်၊အစုအဖွဲ့ စနစ်ဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို အကောင်အထည်‌ ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  သိရှိရပြီး တွံတေးမြို့တွင် ခရိုင်ဦးစီးမှူးရုံးမြေနေရာခြံစည်းရိုးကာရံထားမှု အားကြည့်ရှု၍ ရုံးဆောက်လုပ်နိုင်ရေး လိုအပ်သည့် ညွှန်ကြားမှုများ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း  သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်