ပျော်ဘွယ် စက်တင်ဘာ ၁၅
ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ညောင်ရွှေ-ကင်းတားကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၉၅၀ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာပေါင်းခုနစ်ရွာ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်