သာပေါင်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် အစားထိုးရွေးချယ်ပွဲ ကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လ/ထညွှန်ကြားရေးမှုးဦးဇော်မင်းဆွေမှ အမှာစကားပြောကြားပြီး အသင်းအမှုဆောင်များက ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်း ခဲ့သည်။
ထို့နောက် အမှုဆောင်သစ် အစားထိုးရွေးချယ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လ/ထညွှန်ကြားရေးမှူးဦးဇော်မင်းဆွေက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အသစ်များကိုရွေးချယ်ကာ တာဝန်ခွဲသတ်မှတ်၍ ကတိသစ္စာခံယူကြပြီး အဆိုပါအစည်းအဝေးတွင် အသင်းဝင်ကိုယ်စားလှယ်(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်